Search


“ကျွန်မပညာသည်” Credit #ကြည်အေး

T...

  • Share this:


“ကျွန်မပညာသည်” Credit #ကြည်အေး

The Opera of the Myanmar Idol.
Part 2

Myanmar Idol Season 4 ရဲ့ ရုပ်ရှင်ဇာတ်ဝင်တေးယှဉ်ပြိုင်မှုညမှာတော့မြန်မာ့ဖျော်ဖြေရေးအနုပညာသမိုင်းရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ဇာတ်သဘင်လောကရဲ့အငြိမ့်မင်းသမီးအသွင်ကိုဝတ်ဆင်ဖြစ်ခဲ့ပါတယ်...
ဖြူဖြူ့ရဲ့အကြိုက်ဆုံးမြန်မာဝတ္ထုတွေထဲကမှကြည်အေးရဲ့မြကြိုင်(ကျွန်မပညာသည်)ကိုလည်းလွမ်းဆွတ်မိပါတယ်...
အငြိမ့်နှစ်ပါးခွင်ဇာတ်မင်းသားဇာတ်မင်းသမီးရုပ်တွေနဲ့အနုစိတ်ပုံဖော်ထားတဲ့ရွှေချည်ထိုးကားချပ်အစစ်တွေကိုထိုင်မသိမ်းအသွင်ဖန်တီးပေးတဲ့ဒီဇိုင်နာကိုငြိမ်းကို Designer Nyein Ko (Chic & Chic) ကိုအထူးကျေးဇူးတင်ပါတယ်😍
​ရုပ်ရှင်ဇာတ်ကားကြီးရိုက်ရက်တွေနဲ့မအားတဲ့ကြားကဒီညဆံထုံးအတွက်ဇာတ်သမဆန်တဲ့ဆံထုံးရော၊နန်းဆန်တဲ့ဆံထုံးရောနှစ်မျိုးလုံးစိတ်ရှည်လက်ရှည်ထုံးပြရွေးချယ်စေတဲ့အပြင်တော်ဝင်သဇင်ပန်းတွေပါမရရအောင်စီစဉ်လာပေးတဲ့မေမေလင်း Lin Linn (Makeup Artist)ကိုလည်းကျေးဇူးအထူးပါ😍
တော်ဝင်နန်းတွင်းသဘင်သည်မတစ်ယောက်ရဲ့အဝတ်အစားဆံပင်မိတ်ကပ်နဲ့လိုက်ဖက်မယ့် ကုန်းဘောင်ခေတ်ဒီဇိုင်းရွှေနားချိတ်၊ ဆယ့်ရှစ်ကုံးတွဲရွှေချည်တန်းဘယက်နဲ့ရွှေလက်သည်းတွေကိုသီးသန့်ခတ် ပြီးဆင်ယင်ပေးတဲ့ Eternal Weint Sein စိန်ရွှေရတနာဆိုင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်😍
မန်းလေး pre-wedding ဓာတ်ပုံရိုက်နေရာက MMID ဆီအမီပြန်လာပြီးရုပ်သေးရုပ်တွေ၊ပန်းချီကားချပ် setting တွေနဲ့အပီအပြင်ပံ့ပိုးရိုက်ကူးပေးတဲ့ရွှေရွှေ Kyaw Shwe Min (DIOR By Heart) ကိုလည်းစူပါကျေး​ကျေးပါ😍

Designer ~ Nyein Ko(Chic & Chic)
Hair & Makeup ~ Lin Linn (Makeup Artist)
Jewellery ~ Eternal Weint Sein
Photography ~ Kyaw Shwe Min (DIOR By Heart)


Tags:

About author
not provided
SINGER. PERFORMER. "THOU SHALT BE REMEMBERED "
View all posts